မြန်မာနိင်ငံဆီစက်ပိုင်ရှင်အသင်းမှ ပြည်တွင်းဆီထွက်သီးနှံဖူလုံရေးအတွက် ဆောင်ရွက်ချက် July 18

မြန်မာနိင်ငံဆီစက်ပိုင်ရှင်အသင်းမှ ပြည်တွင်းဆီထွက်သီးနှံဖူလုံရေးအတွက် စိုက်ပျိုးတောင်သူများ၏ အဓိကလိုအပ်ချက်များဖြစ်သော မျိုးကောင်းမျိုးသန့်ရရှိရေး ၊စိုက်ပျိုးနည်းပညာကောင်းများ ရရှိရေး၊ စွမ်းအားပြည့်စက်ကိရိယာများ သုံးစွဲနိင်ရေး ၊ ထိရောက်သော သွင်းအားစုများသုံးစွဲနိင်ရေးနှင့် ဈေးကွက်အာမခံချက် ရရှိနိင်ရေးအတွက် ပံပိုးကူညီမှုများပေးစွမ်းနိင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည် ။

သို့အတွက် စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လျှက်ရှိသည့်နိင်ငံများသို့ အသင်းဥက္ကဌ ဦးခင်စိုးနှင့် ဗဟိုအလုပ်အမှုဆောင်များသွားရောက်လေ့လာခဲ့ပြီး မြန်မာနိင်ငံအတွင်း နည်းပညာနှင့်စက်ကိရိယာများကိုဖိတ်ခေါ်၍ ပြန့်ပွားနိင်စေရန် ဆောင်ရွက်လျှက်ရှိပါသည် ။

မြန်မာနိင်ငံဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် ယခု ဇူလိုင်လ ၂၂ ရက်နေ့တွင် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်၎င်း၊ ဇူလိုင် ၂၃ရက်နေ့တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင်၎င်း၊ ဇူလိုင် ၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင်၎င်း တရုတ်နိင်ငံမြေပဲစိုက်ပျိုးရေးပညာရှင်များမှ မြေပဲစိုက်ပျိုးနည်းပညာနှင့်စက်ကိရိယာများကို သရုပ်ပြစိုက်ပျိုးမည်ဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ မြန်မာနိင်ငံအတွင်းရှိ မြေပဲစိုက်တောင်သူများနှင့် စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားသူအားလုံး လာရောက်ကြည့်ရှုလေ့လာနိင်ရန် သတင်းကောင်း ပန်ကြားအပ်ပါသည် ။

© 2017-2024 MEOMA (Myanmar Edible Oil Millers Association). All rights reserved. Web Design by NetScriper