မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုတိယအကြိမ်အသင်းသားစုံညီနှစ်ပတ်လည်အခမ်းအနားကို ဇန္နဝါရီလ (၅)နေ့ မန္တလေးမြို့ မြို့တော်ခမ်းမ(၁)တွင် ပြည်တွင်းဆီစက်များ၏ ထုတ်ကုန်ပြပွဲနှင့်အတူ ဆီစားသုံးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုတိယအကြိမ်အသင်းသားစုံညီနှစ်ပတ်လည်အခမ်းအနားကို ဇန္နဝါရီလ (၅)နေ့ မန္တလေးမြို့ မြို့တော်ခမ်းမ(၁)တွင် ပြည်တွင်းဆီစက်များ၏ ထုတ်ကုန်ပြပွဲနှင့်အတူ ဆီစားသုံးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည် ။
အဆိုပါအခမ်းအနားသို့ အသင်းဥက္ကဌနှင့်တကွ ပြည်ထောင်စုဝန်ကြီးဌာန စက်မှုဝန်ကြီး ဦးခင်မောင်ချို ၊မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးတို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲပြီး ပြခန်းများကိုလှည့်လည်ကြည့်ရှုကာ အမှာစကားပြောကြားခဲ့ကြပါသည် ။
၎င်းနောက် ဇန္နဝါရီလ (၆)ရက်နေ့တွင် ဒေါက်တာခင်မောင်လွင်(Fame)မှ ” စားသုံးဆီနှင့်ကျမ်းမာရေး ” ခေါင်းစဉ်ဖြင့်၎င်း ၊ ဒေါက်တာတင်မောင်သန်း(သင့်ဘဝ)မှ ” အဆင့်မြင့်ဈေးကွက် ယှဉ်ပြိုင်နိုင်ရေး စိန်ခေါ်ချက်များ ” ခေါင်းစဉ်ဖြင့်၎င်း ၊စာရေးဆရာဦးကျော်ရင်မြင့်မှ ” အစာလည်းဆေး ၊ဆေးလည်းအစာ မဖြစ်ရလေအောင် ” ခေါင်းစဉ်ဖြင့်၎င်း အသီးသီးဟောပြောခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြပါသည် ။

© 2017-2024 MEOMA (Myanmar Edible Oil Millers Association). All rights reserved. Web Design by NetScriper