မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း အလုပ်အမှုဆောင်များ ဗဟိုအလုပ်မှုဆောင်များ

မင်္ဂလာပါခင်ဗျာ 29-11-2016
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းအလုပ်အမှုဆောင်များဗဟိုအလုပ်မှုဆောင်များ။တိုင်းနှင့်ပြည်နယ်များမှဥက္ကဌနှင့်အဖွဲ့ဝင်များတနိုင်ငံလုံးရှိဆီစက်ပိုင်ရှင်များခင်ဗျား။
ယခုပြည်တွင်းစားသုံးဆီဈေးကွက်တွင် ပြန်ကြော်ဆီ များတိရစ္ဆာန်အဆီများ ဝါစေ့ဆီ လဲမှို့ဆီများကိုစားအုန်းဆီများနှင့်ရောနှောပြီး (မြေပဲဆီနှမ်းဆီဓာတုအနံ့ပေး၍ မြေပဲဆီတုနှမ်းဆီတုများအဖြစ်)ဈေးလျှော့ရောင်းချနေခြင်းများကြောင့်ပြည်တွင်းစားသုံးဆီဈေးကွက်တွင်ဈေးကွက်၏ ၉၀% မှာစံမမီဘေးအန္တရာယ်ရှိ တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ လွှမ်းမိုးလျက်ရှိနေပါသည်။
ထို့ကြောင့်မြန်မာနိုင်ငံတွင်းရှိစားသုံးသူများ၏အမျိုးသားကျန်းမာရေးအမျိုးသားအကျိုးစီပွားနှင့်နိုင်ငံ၏ဆီစက်ကဏ္ဍနှင့်ဆက်စပ်လျက်ရှိသောအခြားကဏ္ဍကြီး(၅)ရပ်ပါထိခိုက် နစ်နာဆုံးရှုံးနေမှုကို နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုက်ရိုက်တင်ပြတော့မည်ဖြစ်ပါသည်။ ပျက်သုဉ်းချိန်ရောက်လုရောက်ခင်ဖြစ်နေသော
မြန်မာနိုင်ငံဆီစက်များ၏အခြေအနေမှန်ကိုနိုင်ငံတော်အကြီးအကဲများအမှန်တကယ်တိတိကျကျသိရှိနိုင်ရန်တင်ပြခြင်းနှင့်အတူတဆက်ထဲမြန်မာနိုင်ငံဆီစက်များ၏ အခန်းကဏ္ဍမှေးမှိန်ခဲ့သောကြောင့်ဆက်စပ်နေသော အရေးကြီး ကဏ္ဍများဖြစ်ကြသည့်
၁။ဆီထွက်သီးနှံစိုက်ပျိုးရေးကဏ္ဍ
၂။အသား ငါး ဥ နို့မွေးမြူရေးကဏ္ဍ
၃။စားသုံးသူကဏ္ဍ (မြေပဲဆီနှမ်းဆီအသားငါး ဥနို့ကျန်းမာရေးနှင့်ကုန်ဈေးနှုန်းကဏ္ဍ)
၎။အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ(လယ်ယာ ဆီစက် မွေးမြူ )
၅။သွင်းကုန်အစားထိုးပို့ကုန်မြင့်တင်ရေးကဏ္ဍတို့ကိုပါထိခိုက်ပြီးနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုပါတိုက်ရိုက်ထိခိုက်နစ်နာလျက်ရှိပါကြောင်းတင်ပြပါတော့မည်။
ဆီစက်ပိုင်ရှင်ညီနောင်အပေါင်းတို့ခင်ဗျားမြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏သင်းဖွဲ့မှတ်တမ်းသင်းဖွဲ့စည်းမျဉ်းများပါအပိုဒ်(၃)အသင်း၏ရည်ရွယ်ချက်(၁၂)ချက်ပါအတိုင်း
အသင်းကြီးတည်တန့်ခိုင်မြဲစွာတည်ရှိပြီး နိုင်ငံတော်အကျိုးစားသုံးသူအကျိုးမြန်မာနိုင်ငံရှိ ဆီစက်ပိုင်ရှင်များနှင့်ဆက်စပ်သူများ၏အကျိုးတို့ကို အတ္တပရမျှတစွာ ဆောင်ရွက်နိုင်ရန်နိုင်ငံတော်အကြီးအကဲများအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌတို့ထံ တင်ပြသွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းစီမံခန့်ခွဲရေးကော်မတီ

© 2017-2024 MEOMA (Myanmar Edible Oil Millers Association). All rights reserved. Web Design by NetScriper