၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ

မြန်မာနိင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဌ ဦးခင်စိုး ၊ ဒုဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင် အမှုဆောင်များသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့်အခက်အခဲနှင့် လိုအပ်ချက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ တောင်သူများလိုအပ်လျက်ရှိသော မျိုး၊သွင်းအားစု ၊နည်းပညာ၊စက်ကိရိယာများကို အသင်းမှ ပေါင်းစပ်ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပါသည် ။

ဒေသအတွက် အထူးလိုအပ်နေသော မြေဆီလွှာစမ်းသတ်ကိရိယာကို မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနညွန်းကြားရေးမှုး ဦးကျော်စိန်ဌေးနှင့် တောင်သူဦးမြင့်သိန်းတို့အား လှုဒါန်းပေးအပ်ခဲ့ပါသည် ။

Photo credit : မီးတုတ်(နေသူရိန် မြေပဲဆီသန့်)

© 2017-2024 MEOMA (Myanmar Edible Oil Millers Association). All rights reserved. Web Design by NetScriper