ခေတ်မီ ကုန်ကြမ်းသန့်စင်စက် (Cleaning Machine)

(တစ်နာရီ မြေပဲဆံ ကုန်ချိန် ပိသာ ၂၀၀၀ ကို သန့်စင်ပေးနိုင်ပါသည်။)

အခြောက်ခံစက် (Dryer Machine)

Hot Air Dryer

ရေငွေ့ပါဝင်မှု ၂၀% ရှိသော မြေပဲဆံ (သို့) တနေကုန် နေလှမ်းမှ ခြောက်နိုင်သည့် မြေပဲဆံကို တစ်နာရီ အတွင်း ရေငွေ့ ပါဝင်မှု ၇.၅% သို့ လျော့ချနိုင်သော စက် ဖြစ်ပါသည်။ လူ (၃) ဦးဖြင့် တစ်ရက်လျင် မြေပဲဆံ ကုန်ချိန်ပိသာ (၁၅၀၀၀) ကို အခြောက်ခံနိုင်ပါသည်။

သိုလှောင်ကန် (Silos)

အခြောက်ခံပြီးသော မြေပဲဆံများကို သိုလှောင်ရန် ဖြစ်ပါသည်။ ကြာရှည် သိုလှောင်နိုင်ရန် အတွက် အောင်းပူ မဖြစ်ပေါ်စေရန် အထက်အောက် လှန်လျောနိုင်သော စပ်ခွက်တိုင်များပါပြီး အပေါ်ဆုံးတွင် လေအေးမှုတ်စက်များ တပ်ဆင်ထားသောကြောင့် မြေပဲဆံကို အမြဲတမ်း ခြောက်သွေ့ပြီး သန့်ရှင်း လတ်ဆတ်စေပါသည်။

Expellers Machine

အပေါ်ယံအလွှာချွတ်ပြီးသား မြေပဲဆံများကို ကြိတ်ခွဲပြီး ဆီကြမ်းများ အဖြစ် ထုတ်လုပ်ပေးပါသည်။

Polishing Maching

Expeller များနှင့် မကြိတ်ခွဲမှီ မြေပဲဆံ၏ အပေါ်ယံအလွှာကို ချွတ်သော စက်ဖြစ်ပါသည်။ ၄င်းအလွှာများကို ဖယ်ရှား၍ ကြိတ်ထားသော မြေပဲဆီ၏ အရသာမှာ ပို၍ စိမ့်ပါသည်။

Filter Machines

ဆီကြမ်းများကို စားသုံးရန် အသင့်ဖြစ်သော စားသုံးဆီ အဖြစ်သို့ စစ်ထုတ်ပေးပါသည်။

စတီကန် (Steel Tank)

သန့်စင်ပြီးသော စားသုံးဆီများကို သိုလှောင်ထားသည့် Steel Tank များ

သိုလှောင်ကန်များ (Silos)

မြေသြဇာ ပက်ဖြန်းသည့် စက်

ဘောင်ဖော် စက်

မျိုးစေ့ချစက်

ပေါင်းရှင်းဘောင်ဖော်စက်

© 2017-2024 MEOMA (Myanmar Edible Oil Millers Association). All rights reserved. Web Design by NetScriper